Saturday 5 September 2009 By: yatkhalay

Windows တက်လျှင် မြန်စေရန် လုပ်ဆောင်ပေးခြင်း

Windows Screen ပေါ်ပြီး Loading လုပ်သော အကြိမ် အရေအတွက်သည် များသောအားဖြင့် ၁၂ ကြိမ် လုပ်ဆောင် ပါသည်။ ကျွန်တော်နှင့်အတူ လိုက်လုပ်ကြည့်ပါ။ အကြိမ် အရေအတွက်သည် ဘယ်လောက်အထိ လျော့နည်းသွားမည် ဆိုတာကို ကိုယ်တိုင် တွေ့မြင်ရမည် ဖြစ်ပါသည်။
၁။ Start – Run – regedit ဟုရိုက်ပါ။ Registry ထဲ ၀င်သည့် အခါတိုင်း backup file လုပ်ဆောင်ရန် ဘယ်တော့မှ မမေ့ပါနဲ့။
၂။ HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Session Manager\Memory Management အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် DisablePagingExecutive file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 1 ဟုရိုက်ပြီး Base တွင် Decimal ၊ OK ပေးပါ။
၃။ ညာဘက်ရှိ Box ထဲတွင် LargeSystemCache file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 1 ဟုရိုက်ပြီး Base တွင် Decimal ၊ OK ပေးပါ။
၎။ Restart ပေးပြီး Windows ပြန်တက်လာသောအခါ အကြိမ် အရေအတွက်သည် ဘယ်လောက်အထိ လျော့နည်းသွားမည် ဆိုတာကို ကိုယ်တိုင် သိပြီဟုတ်…..:P