Thursday 3 September 2009 By: yatkhalay

programming C++

ပရိုဂရမ် ဆိုသည်မှာ အမိန့်စာကြောင်း များစွာ (Instructions) ပါဝင်သော (သို့) ကွန်ပျူတာကို ခိုင်းစေ နိုင်သော အမိန့်စာ ကြောင်းများ ပါဝင်သော ကွန်ပျူတာက နားလည်နိုင်တဲ့ ဘာသာစကား တစ် မျိုးဖြစ်သည်။ ကွန်ပျူတာရဲ့ လုပ်ဆောင်မှု အားလုံး ကို ထိန်းချုပ်ကိုယ်တွယ် ခိုင်းစေ နိုင်စွမ်း ရှိသော ဘာသာရပ် ဖြစ်သည်။ ကွန်ပျူတာ နည်းပညာတွင် ပရိုဂရမ် ဘာသာရပ် မြောက်များစွာ ရှိသည်။ လူ တစ်ယောက် ၏ တွေးခေါ်မှု ၊ စိတ်ပုံ ဖော်မှု များကို
ကွန်ပျူတာ နားလည်နိုင်သော command word (or) instruction (အမိန့်စာကြောင်း) များဖြင့် ပုံဖေါ်ခြင်း နည်းပညာ ဖြစ်သည်။ သချာင်္နည်းပညာ တွက်ချက်မှုများအား မဏ္ဍိုင်ထား၍ လုပ်ဆောင်မှု အမျိုးမျိုး၊ တွက်ချက်မှု အမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုး ကို ဖန်တီးနိုင်ခြင်းများ လုပ်ဆောင်နိုင်သော Language ဟုလည်း အကြမ်းအားဖြင့် သိရှိနိုင်သည်။ Programming of Computer ကို အသုံးပြုသည့်နယ်ပယ်များမှာ အမြောက်အများ ရှိသည်။ မည်သည့်နယ်ပယ်တွင် အသုံးပြု သည် ကိုတော့ အောက်တွင် ဖေါ်ပြထားသော ကွန်ပျူတာ သိပ္ပံနယ်ပယ် မှ ရွေးထုတ် ဖော်ပြရမည် ဖြစ်သည်။