Thursday 3 September 2009 By: yatkhalay

Hard Disk အကြောင်းသိကောင်းစရာ

ကျွန်တော် ဒီသင်ခန်းစာမှာ တင်ပြချင်တဲ့ အကြောင်းအရာကတော့ Hard Disk တစ်လုံးရဲ့General Information တွေပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကို မိတ်ဆွေတို့အနေနဲ့သိပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပါ။ ဒါပေမဲ့ သိသလိုလို မသိသလိုလို ဖြစ်နေသော မိတ်ဆွေများ ပိုမိုသိရှိသွားစေရန်၊မသိသေးသော မိတ်ဆွေများ သဘောတရားသိရှိ နားလည်စေရန် ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကလည်း HardWare Professional တဦးမဟုတ်ပါဘူး။ ကျွန်တော်ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေကနေ မိတ်ဆွေတို့ဆီ ဝေမျှတဲ့သဘောပါ.ဒါကြောင့် အမှားများပါဝင်ခဲ့လျှင်နားလည်းခွင့်လွှတ် ပေးပြီ ဖတ်စေချင် ပါတယ်။ Hard Disk အကြောင်းကို ကျွန်တော် အပိုင်း(၃)ပိုင်းခွဲပြီး အဓိကပြောမှာ ဖြစ်ပါတယ်။
(၁) အခြေခံသဘောတရားများနှင့်ပြင်ပလက္ခဏာ
(၂) အတွင်းပိုင်းဖွဲစည်းတည်ဆောက်ပုံများနှင့်အလုပ်လုပ်ကြပုံ
(၃) နောက်ဆက်တွဲပစ္စည်းများနှင့်ဖြစ်လေ့ဖြစ်ထရှိသော Errorများ



(၁)အခြေခံသဘောတရားများနှင့်ပြင်ပလက္ခဏာ
Hard Disk ကို ကွန်ပျူတာအားလုံးတို့တွင်တွေ့နိုင်ပြီး OS များ?Program များ?Data file များကို မပျောက်ပျက်အောင် အမြဲတမ်းထည့်သွင်းသိုလှောင်ထားနိုင်သည့်Non-volatile storage device တစ်ခုဖြစ်ပါတယ်။Volatile storage များဖြစ်ကြတဲ့memory(RAM) ကဲ့သို့ ပါဝါရှိနေမှသာdata များကိုဆက်လက်သိုလှောင်ထားနိုင်သည့် device များမဟုတ်ကြပဲ ကွန်ပျူတာပါဝါပိတ်ထားသော်လည်း သူ့အထဲမှာ ရေးမှတ်ထားသောdata များကို သက်ရှိတစုံတယောက်က မဖျက်မချင်း ဆက်လက် သိုလှောင်ထားနိုင်သော device ဖြစ်ပါတယ်။ယနေ့ခေတ်အသုံးပြုနေသော Osများ?Application တို့အရွယ်အစား ပိုမိုကြီးမားလာခြင်းနှင့် ပိုမိုနက်နဲရှုပ်ထွေးလာသောကြောင့် hard disk တို့ဧ။်အရည်အသွေးနှင့် လုပ်ဆောင်နိုင်မှု များသည် ကွန်ပျူတာတစ်ခုလုံးဧ။် စွမ်းဆောင်ရည်များကို အကျိုးသက်ရောက် လာစေပါတယ်။ဒါကြောင့်hard disk ကိုရွေးချယ်ဝယ်ယူတဲ့အခါမှာ capacity နဲ့ performance အချက်နှစ်ချက်ကို အဓိက စဉ်းစားသင့်ပါတယ်။Capacity ကို hard disk ထဲတွင်သိုလှောင်သိမ်းဆည်းထားနိုင်မည့် data ပမာဏဖြင့် ဖော်ပြပြီး 20GB? 40GB? 80GB အစရှိသဖြင့် အမျိုးမျိုးရနိုင်ပြီး bytes(B) ယူနစ်သည် hard disk capacity ကိုတိုင်းတာသောအခြေခံယူနစ် (or)data amount ကိုဖော်ပြသောယူနစ်ပင် ဖြစ်ပါတယ်။သိမ်းဆည်းနိုင်တဲ့ ပမာဏကို MegaBytes->GigaBytes->TetraBytes စသည်တို့ဖြင့်တိုင်းတာဖော်ပြလာကြပါတယ်။အခုဆိုရင် 1000 gigabytes(or)tetrabytes ထိအသုံးပြုနေကြပါပြီ။ Performance နဲ့ပတ်သက်ပြီး hard disk ထုတ်လုပ်ရောင်းချသူများသည် hard drive များဧ။်f performance ကို spindle motor ဧ။်တစ်မိနစ် တွင်လည်ပတ်နိုင်သောအပတ်ရေ RPM(revolution per minute) ဖြင့် ဖော်ပြကြပါတယ်။RPM မြင့်လာတာနဲ့အမျှ hard disk ထဲရှိ platter ပေါ်မှာ data များကို ပိုမိုမြန်ဆန်စွာ ရေးနိုင်ဖတ်နိုင်မှာ ဖြစ်ပါတယ်၊ RPM value မှာ 3600 RPM မှာ 10000 RPM ရှိနေပါပြီ။
ဒါအပြင် ယနေ့ခေတ် Hard Drive ရဲ့ Data Transfer Rate က UDMA(Ultra DMA) ဆိုတာနဲ့ပြပါတယ်။ယခင်ခေတ်တုန်းကတော့ PIO(Programmable Input/Output Mode) ပါ။သိထားသင့်တဲ့ Transfer Mode တွေကိုဖော်ပြပေးလိုက်ပါတယIDE အတွက်သာဖြစ်ပါတယ်။
UDMA Mode Transfer Rate(MBps)
ATA33@Mode2 33MBps
ATA66@Mode4 66.7MBps
ATA100@Mode5 100MBps
ATA133@Mode6 133MBps
Hard Disk တစ်လုံးဧ။်သက်တမ်းကိုတော့MTBF(Mean Time Between Failure) ဖြင့်တိုင်းတာပါတယ်၊MTBF မှာ၂ဝဝဝဝနာရီမှ ၅ဝဝဝဝနာရီထိရှိနိုင်ပါတယ်။ (ဥပမာ -MTBF အရ နာရီ(၅) သောင်းရှိသော Hard တစ်လုံးကို (၁)ရက်လျှင်(၈)နာရီကြာအသုံးပြုသွားပါက (၁၇)နှစ်ထိ အသုံးပြုနိုင်ပြီး၊ (၂၄)နာရီအပြည့်အသုံးပြုမည်ဆိုပါက (၆)နှစ်ခန့်အသုံးပြုနိုင်ကြောင်း ခန့်မှန်းနိုင်ပါတယ်။ အခုနောက်ပိုင်း hard disk များမှာ နာရီပေါင်း ၇၅၀၀၀၀ ထိရနိုင်ပါပြီ။၎င်းသည် သီအိုရီအရပင်ဖြစ်ရာ တကယ်လက်တွေ့ တွင် အခြားထိခိုင်နိုင်ဖွယ် အခြေအနေများကိုပါ ထည့်သွင်းစဉ်းစားရမည်၊Hard Drive ဆိုတာ Aluminium နဲ့ပြုလုပ်ထားပြီး ပြင်ပက လေမဝင်အောင် အလုံပိတ်ထားသည့် သတ္ထုဗူးတစ်ဗူးပဲ ဖြစ်ပါတယ်။ သူရဲ့ပြင်ပသွင်ပြင်ဟာ အလွန်ကို ရိုးရှင်းလွန်းပါတယ်။ အရင်တုန်းက အရွယ်အစားတွေမှာ ၅.၂၅လက်မရှိပြီ၊အခုနောက်ပိုင်း ၃.၅ လက်မပဲရှိတော့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲ..သူအောက်မှာ တော့ printed circuit board လို့လူသိများတဲ့ Logic Board ရှိပါတယ်/Hard Disk Drive အားလုံးတို့တွင် အနည်းဆုံး logic board တခုစီပါရှိပါတယ် logic board တွင် ကပ်လျက်တပ်ဆင် ထားသော chip များပါဝင်သည့် circuit board တခုရှိပါတယ်/Drive controller ကလာတဲ့ အမိန့်ပေးချက်တွေကို လက်ခံပြီး အဲဒီ controller ကို operating system က control လုပ်ပါတယ်။ အဲဒီ logic board ဟာအဲဒီအမိန့်ပေးချက်တွေကို လျှပ်စစ်ဓာတ်အားအတက်အကျ ဖြစ်စေ ပါတယ်။ အဲဒီကနေ head ရဲ့ actuator ကိုစွမ်းအင်တစ်ခုဖြစ်စေပြီး ရေး။ဖတ် head ကိုအဝိုင်းပြား မျက်နှာပြင်တစ်လျှောက် ရွေ့လျားစေပါတယ်။ Board ဟာဝင်ရိုးတံပေါ်မှာ အဲဒီအဝိုင်းပြားတွေက တစ်သမတ်တည်း အမြန်နှုန်းနဲ့လည်နေအောင် သေချာစွာပြုလုပ်ထားပြီး Drive ကို ဘယ်အချိန်မှာရေးမလဲ၊ ဘယ်အချိန်မှာ ဖတ်မလဲဆိုတာ အသိပေးပြောကြားပါတယ်။ keyboard ? mouse အစရှိသော device များအတွက် သက်ဆိုင်ရာ controller များကို motherboard ပေါ်ရSိ chipset ထဲတွင်ထည့်သွင်း တည်ဆောက်ထားသော်လည်း hard disk controller ကို logic board ပေါ်တွင် တပါတည်း ထည့်သွင်းတပ်ဆင်ထားပါတယ်/Hard disk controller တွေရဲ့အဓိက လုပ်ဆောင်မှုကတော့ spindle motor နှင့် head actuator တို့ကိုထိန်းချုပ်ပြီး data များကို ကွန်ပျူတာဧ။်အခြားသော အစိတ်အပိုင်းများမှ နားလည်အသုံးပြုနိုင်သောပုံစံဖြစ်အောင် ဘာသာပြန်ပေးပါတယ်။ပြောရရင် hard disk ထဲမှာ Data တွေကို magnetic pulse များအဖြစ်သိုလှောင်ထားပါတယ်။ဒါကြောင့် hard disk ပေါ်မှ data တွေကိုဖတ်တဲ့အခါမှာ magnetic information များကို digital information များအဖြစ်သို့ပြောင်းလဲရပါတယ်။ ထိုနည်းတူစွာပင် hard disk တွေကို data သိမ်းဆည်းရန်အတွက် digital information များကို magnetic information များအဖြစ်သို့ ပြောင်းလဲပေး ရပါတယ်။ အဲဒီလိုပြောင်းလဲခြင်းကို hard drive controller မှပြုလုပ်ခြင်း ဖြစ်ပါတယ်/hard disk တွေပျက်ပြီဆိုရင် logic board ကြောင့်ပျက်ရတာများပါတယ်။
အဲဒီလိုမျိုးမှာ အခြားအမျိုးအစားတူ logic board နှင့် လဲလှယ်တပ်ဆင် ကြည့်မယ်ဆိုရင် data များကို ပြန်လည် access လုပ်နိုင်ပါလိမ့်မယ်/Hard Disk များအပါအဝင် ကွန်ပျူတာမှာ အသုံးပြုတဲ့ device အားလုံးတို့တွင် အခြားသော device များဖြင့် တွဲဖက်အသုံးပြုနိုင်ရန် interface တစ်ခုစီပါရှိကြပါတယ်။ ထို interface များမှတဆင့် အခြားသော device များနှင့် data များအပြန်အလှန်ဖလှယ်ကြရပါတယ်။ hard disk များတွင် IDE/ATA ? SCSI နှင့် SATA ဟk Interface သုံးမျိုးရှိပါတယ်။ Interface အမျိုးအစားပေါ်မူတည်ပြီး IDE hard drive ?SCSI hard drive ?SATA hard drive ဟု ခေါ်ဝေါ်သုံးစွဲ လေ့ရှိပါတယ်။ အိမ်သုံးကွန်ပျူတာ အားလုံး နီးပါးတို့တွင် IDE hard drive များကိုသာအသုံးပြုလေ့ ရှိကြပါတယ်။ /SCSI hard drive များကို workstation နှင့် server ကွန်ပျူတာများမှာသာ အဓိကထားအသုံး ပြုလေ့ရှိပြီး တန်းဖိုးမှာလည်း IDE hard drive ထက်၃ဆခန့် ပိုများပါတယ်။ SATA များကတော့ နောက်ဆုံးပေါ် interface အသစ်ဖြစ်ပြီး IDE drive များနေရာတွင် အစားထိုးအသုံးပြုရန် ရည်ရွယ်ထားပါတယ်။လက်ရှိလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ /IDE/ATA ?SCSI ? SATA များအကြောင်းကိုတော့ အပိုင်း(၃)မှာ အသေးစိတ် ဖော်ပြပေးထားပါတယ်။ ကဲဒါနဲ့U hard disk ရဲ့ပြင်ပ လက္ခဏာကို ဆက်ပြောကြရအောင် hard disk ရဲ့ နောက်ပိုင်းကို ပုံ(၁.၁)တွင် တွေ့နိုင်ပါတယ်။ ညာဘက် အစွန်းဆုံးက 4 pin power connector(or) Molex connector လို့ခေါ်နိုင် ပါတယ်။/Hard disk တခုလုံးအတွက် ပါဝါပေးထားပြီ သူ့အသုံးပြု သော watt(W) မှာ 25W ဖြစ်ပါတယ်။ တစ်လုံးတည်း အတွက်သာ ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒုတိယမြင်ရတဲ့ male pin များကတော့ jumper ဖြစ်ပါတယ်။ Hard disk အသစ်တစ်လုံး ဝယ်ယူသောအခါ jumper သည် master များဖြစ်ရှိကြပြီ။ PC တွင်တစ်လုံးတည်းအသုံးပြုသောအခါ ပြင်ဆင်မှုပြုလုပ်ရန် မလိုအပ်ပေ။တကယ့်လို့ PC တွင် hard disk နှစ်ခု အသုံးပြုမည်ဆိုပါက တစ်ခုကို master ? တစ်ခုကို slave ထားပေးရမှာဖြစ်ပါတယ်.ထိုအချိန်မျိုးမှာ jumper ဟာအရေးကြီးလာပြီး မှန်ကန်စွာ jumper ချိုးဖို့လိုအပ်လာပါတယ်။ Jumper setting များကိုတော့ သက်ဆိုင်ရာ hard disk ဧ။်အဖုံးပေါ်တွင် diagram များဖြင့်ဖော်ပြလေ့ရှိပါတယ်။ဒီနေရာမှာ နောက်တစ်ခု ထပ်မှာချင်တာက master ? slave ဆိုတာ Ribbon Cable တစ်ချောင်းမှာ hard disk နှစ်လုံးတွဲထားမှသာ ဖြစ်ပါတယ်။တကယ့်လို့ Ribbon Cable တချောင်းစီဖြင့် hard disk ကိုတွဲထား မယ်။ Motherboard ပေါ်ရှိ Ribbon male connector နှစ်ခုတွင် သီးခြားစီ ချိတ်ဆက်ထားမယ် ဆိုရင် master ၊ slave ထားပေးစရာမလိုပါဘူး။ ဒါကြောင့် jumper ချိန်းပေးစရာမလိုပါဘူး။ နောက်အချက်တချက် ရှိပါသေး တယ်။ အဲဒါက Select Cable ဖြစ်ပါတယ်။ Select Cable ဆိုသည့်အတိုင်းပင် master ၊ slave ကိုလူကသတ်မှတ် ပေးစရာမလိုပဲ cable တွင်တပ်ဆင်ထားသည့် နေရာပေါ်မူတည်ပြီး အလိုအလျောက် ခွဲခြားပေးပါလိမ့်မယ်


ပုံ(၁.၂)တွင်ပြသသော Cable တွင် connector ၃ ခုပါရှိပါတယ်။အစွန်းတဖက်မှာ ရှိတဲ့အနီ(သို့)အပြာရောင်သည် motherboard ပေါ်ရှိ IDE connector ပေါ်တွင်စိုက်သွင်း တပ်ဆင်ရမှာဖြစ်ပါတယ်။ အလယ်မှာရှိတဲ့ မီးခိုးရောင် connector သည် slave အတွက်ဖြစ်ပြီး အခြားအစွန်တစ်ဖက်မှာရှိသော အမည်းရောင်သည် master အတွက်ဖြစ်ပါတယ်။ Select cable ကို အသုံးပြုရန်အတွက drive နှစ်ခုလုံးဧ။်f jumper setting ကို select cable မှာထားရှိရပါမယ်။ တတိယမြင်ရတာက Data Transfer Cable (or) Ribbon Cable ပဲဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ Ribbon cable ကိုပုံစံနှစ်မျိုးဖြစ်အသုံးပြုကြပါတယ်။ ဝါယာလိုင်း ၄ဝ (40-connector) နဲ့ ဝါယာ ၈ဝ (40-connector) တို့ဖြစ်ကြပါတယ်။ဒီနှစ်မျိုးစလုံးမှာ 40-pin connector ခေါင်းများကိုသာ အသုံးပြုကြပါတယ်။ 80-conductor cable တွင်အပိုပါသော ဝါယာများသည်မြန်နှုန်းမြင့် data transfer လုပ်စဉ် electronic noise များဧ။်နှောင့်ယှက်ခြင်းမှ လျော့နည်းစေရန်အတွက် ground ချထားရုံသက်သက်ပဲဖြစ်ပါတယ်။ သတိထားစရာတခုက cable ဧ။်အရှည်သည် ၁၈ လက်မထက်ပိုမရှည် သင့်ပါဘူး။ပိုရှည်ခဲ့လျှင် အရည်အသွေးကျဆင်းခြင်း data အရေး။အဖတ်ပြုလုပ်ရာတွင် မမျှော်မှန်း နိုင်သော Error များဖြစ်လာနိုင်ပါတယ်။ Ribbon Cable တွင် ပုံ(၁.၂)မှာပြထားသလို 40-pin Male connector တွေပါရှိပြီး Montherboard များမှာတော့ 40 pin Male connector နှစ်ခု(များသောအားဖြင့်) ပါရှိပါတယ်။ ဒီနေရာမှာ Male/Female ဆိုပြီးတော့ နားတော့ မရှုပ်ပါနဲ့။ အလွယ်မှတ်ထားချင်ရင် Male connector ဟာအချောင်း အချွန်ပါငုတ်များဖြစ်ပြီး၊ Female connector ကတော့ အခေါင်းပေါက်များပါရှိ ကြပါတယ်။ ကွန်ပျူတာကို သတိထားကြည့်ရင် အများကြီးတွေ့ နိုင်ပါတယ်။ ကဲထားပါတော့…. ကျွန်တော် အခုအပေါ်ကပြောခဲ့ တာတွေက Hard disk ကို SATA နဲ့ဆက်သွယ် အသုံးပြုခြင်းပါ SATA (Serial ATA) များဟာ IDE/PATA နေရာမှာ အစားထိုးဝင်ရောက် လာတာဖြစ်ပါတယ်၊ SATA (Serial ATA) များဟာ IDE/PATA နေရာမှာအစားထိုး ၀င်ရောက်လာတာဖြစ်ပါတယ်၊ SATA controller တစ်ခုသည် device တစ်ခုကိုသာ support လုပ်ပါတယ်။ ဒါကြောင့် power နဲ့ cable တို့ကို drive တွင်တပ်ဆင်ပေးလိုက်ရုံ ဖြစ်ပါတယ်.။ ပုံ(၁.၃)တွင် တွေ့မြင်နိုင်ပါတယ်။ SATA တွင် data transfer cable သည် (၇) ချောင်းသာပါရှိခြင်း ၊power cable မှာရှင်းလင်းလွယ်ကူခြင်း၊ ထို့အပြင် SATA သည် IDE ထက်အားသာသောအချက်များ မှာ - IDE ထက်အဆသုံး ဆယ်ပိုမြန်ခြင်း (သီအိုရီအရ)၊ ဒါကြောင့် data transfer rate သည် 1.5 Gigabits per second ထိရှိခြင်း၊ နောက်ပိုင်းမှာ 3Gbps ထိရရှိပါပြီ၊ data cable သည် 40-80 မဟုတ်ပဲ 7-wire ဖြစ်နေခြင်းကြောင့် system unit အတွင်း အပူများအောင်းမနေပဲ လေလှည့်ပတ်စီးဆင်းမှု ပိုကောင်းခြင်း။ Data cable length သည် ATA ထက်နှစ်ဆရှည် သည် ဒါကြောင့် (၃၉.၄လက်မ)ရှိခြင်း၊ နောက်ပြီး Hot Swappable ရခြင်း(ကွန်ပျုတာကို shut down လုပ်စရာမလိုဘဲ တပ်ခြင်း၊ဖြုတ်ခြင်း များပြုလုပ်နိုင်ခြင်း) စသည့်အားသာချက်များ ရှိပါတယ်၊ SATA ၏အသေးစိတ် အချက်အလက်များကို နောက်သင်ခန်းစာတွင် ဖော်ပြ ထားပါတယ်။


အတွင်းပိုင်းဖွဲစည်းတည်ဆောက်ထားပုံများနှင့်အလုပ်လုပ်ကြပုံ
ဒီအပိုင်းမှာ အတွင်းပိုင်ဖွဲ့စည်းတည်ဆောက်ပုံကိုပြောကြမှာ ဖြစ်ပါတယ်။အရင်ဆုံးအတွင်းပိုင်းပစ္စည်းများကို သိရှိစေရန် ပုံနှင့်အတူဖော်ပြပေးလိုက်ပါတယ်။ ပုံ(၂.၁)နှင့်(၂.၂)မှာ တွေ့နိုင်ပါတယ်။ ဟိုယခင် ၁၉၈ဝ ဝန်းကျင်က အသုံးပြုခဲ့သော hard disk များနှင့်ယခု hard disk များသည် သိပ်ကွာခြားမှုမရှိပါဘူး။ ပါဝင်သော အစိတ်အပိုင်းများ၊ အလုပ်လုပ်ပုံများ အားလုံးဟာ အတူတူပါပဲ။ အရင်ဆုံး data တွေသိမ်းဆည်း တဲ့ platter disk ကိုရှင်းပါမယ်။
Platter->platter ဆိုတာက data များကိုသိုလှောင်ထားနိုင်သည်hard disk အတွင်းရှိ disk များပင် ဖြစ်သည်။

Hard disk တစ်လုံးတွင် တစ်ခု(သို့)တစ်ခုထက်ပိုသော platter များပါရှိတတ်ပါတယ်။နှစ်ပေါင်းများစွာ အတွင်း hard disk များကို 5.25 hard disk ? 3.5 hard disk အစရှိသဖြင့် formfactor အမျိုးမျိုးတို့ဖြင့် ထုတ်လုပ်အသုံးပြုခဲ့ကြပါတယ်။ထို formfactor များသည်hard disk ၏ပကတိအရွယ်အစားကို ရည်ညွန်း ခေါ်ဆိုသလို Platter များဧ။်အရွယ်အစားလည်း ဖြစ်ပါတယ်ယနေအချိန်မှာ 3.5 drive သည် desktop အတွက် ဖြစ်ကြပြီး ၂.၅ နှင့်ထိုထက်ငယ်သော drive များသည် notebook များအတွက် အသုံးအများဆုံး ပင်ဖြစ်သည်။ ဟိုယခင်တုန်းကတော့ Platter များကို ခိုင်ခန့်ပေါ့ပါးသော aluminium (or)magnesium alloy များဖြင့်ပြုလုပ်ခဲ့ကြပါတယ်။ ယနေ့အချိန်မှာတော့ hard disk ထုတ်လုပ်ရောင်းချသူများမှ data များကိုပိုမိုသိုလှောင်ထားနိုင်ရန် အရွယ်အစားပိုမိုသေးငယ်သော drive များကို ထုတ်လုပ်ရန် glass ဖြင့်ပြုလုပ်သော platter များကိုအသုံးပြုလာကြပါတယ်။ထိုglass platter များသည် aluminium platter များထက် အားသာသော အချက်များမှာ-အပူကြောင့် ကျုံးမှု၊ကြွမှု နည်းပါးခြင်းplatter ဧ။်ထုကို ထက်ဝက်လျှော့ချနိုင်ခြင်းတို့ကြောင့် IBM. Seagate. Toshiba. Maxtor အစရှိသော hard disk ကုမ္မဏီများသည် glass/ceramic platter များကို အစားထိုးထုတ်လုပ်လျှက်ရှိပါတယ်။Platter သည် သူချည်းသက်သက် data များကို သိုလှောင်ထားနိုင်စွမ်းမရှိပါ။Platter ဧ။်မျက်နှာပြင်တဖက်တချပ်တွင် magnetic information များကို သိုလှောင်ထားနိုင်သည့် magnetic medium အလွှာပါးဖြင့် ဖုံးအုပ်ထားပါတယ်။ magnetic medium နှစ်မျိုးရှိပါတယ်။(၁)Oxide medium( ၂)Thin film medium တို့ပင်ဖြစ်ပါတယ်။ iron oxide နှင့်ပြုလုပ်ထားသော oxide medium ကို အသုံးပြုမှုအလွန်နည်း ပါးသွားပါပြီ။ Cobalt alloy နှင့်ပြုလုပ်ထားသော thin film medium သည် head crash ဖြစ်မှုနည်းပါးခြင်း၊ data များကိုပိုမိုသိုလှောင်ထားနိုင်ခြင်း၊ စသည်အားသာချက်များကြောင့် အသုံးအများဆုံးဖြစ်လာသည်။အခု platter ပေါ်မှာ Data တွေသိုလှောင်ရန် ဘယ်လိုအကွက်ချစီမံထားသလဲဆိုတာကို ဆက်ပြောပါမယ်။hard disk ထဲတွင် data များရေးတဲ့အခါ ၄င်း data များကို track ထဲတွင်သိုလှောင်ထားပါတယ်။Track ဆိုတာ Platter ပေါ်မှာ ဗဟိုတူစက်ဝိုင်းပတ်လမ်းများအဖြစ်တည်ရှိကြပြီး မျက်နှာပြင်တစ်ဖက်စီတွင် ထောင်ပေါင်း များစွာသော track များရှိကြပါတယ်။track တွေမှာ နံပတ်တွေရှိကြပြီး အပြင်ဘက်ကျဆုံးသည် (ဝ)ဖြစ်ပြီး၊ အတွင်းဘက်ရောက်လေလေ နံပါတ်ကြီးလေဖြစ်ပါတယ်Track တစ်ခုစီမှာ KB ပေါင်းများစွာ ကိုသိုလှောင် ထားနိုင်သည့်အတွက်ကြောင့်h track ကို hard disk တစ်ခုဧ။် အသေးငယ်ဆုံးသော Unit အဖြစ် အသုံးပြုမယ်ဆိုရင် နေရာအတော်များများကို ဖြုန်းတီးသလို ဖြစ်နေမှာပါ။ဒါကြောင့် track တစ်ခုကိုSector ပေါင်းများစွာဖြင့် စိတ်ပိုင်းထားပါတယ်။Sector တစ်ခုစီသည် 512 bytes ရှိပြီး hard disk တို့ရဲ့ smallest unit တစ်ခုပင်ဖြစ်ပါတယ်။နောက်တစ်ခုက Cylinder.Cylinder ဆိုတာက Platter ဗဟိုမှအကွာအဝေးတူ Track အစုအဝေးပဲ ဖြစ်ပါတယ်။Platter အရေအတွက် ဘယ်လောက်များများ Cylinder တစ်ခုထဲမှာကျတဲ့ track အားလုံးတို့သည် ဗဟိုမှအကွာအဝေး အတူတူပင်ဖြစ်ပါတယ်။Track ၊Sector ၊များကိုအမြင်ရှင်းစေရန်hard disk တစ်လုံးဧ။်သိုလှောင်ထားနိုင်မှုမမာဏကို Cylinder အရေအတွက်၊head အရေအတွက်၊Sector အရေအတွက်ပေါ်မူတည်ပြီးတွက်ချက်နိုင်ပါတယ်။Hard disk /Capacity များများသိမ်းဆည်းရန်အတွက် တစ်လက်မတွင်ရှိ track အရေအတွက်တိုး၍ထားရှိခြင်း၊တစ်လက်မတွင်ရှိသော ၁/ဝ အရေအတွက် bit ကိုတိုး၍ထားရှိခြင်းဖြင့်ရရှိနိုင်ပါတယ်။ဤအချက်သည်Platter tcsif အချင်းဝက်ချင်းတူသော်လည်း သိမ်းဆည်းနိုင်မှုမမာဏနည်းရခြင်း၊များရခြင်းဧ။်အဓိကအချက်ပင်ဖြစ်သည်။ Read / Write heads-> များ သည် Platter ပေါ်မှdata များကိုဖတ်ခြင်းPlatter ပေါ်သို့data ရေးခြင်းများကို လုပ်ဆောင်ပါတယ်။Platter ရဲ့မျက်နှာပြင်တစ်ဖက်စီတွင် read/write head နှစ်မျိုးလုံးလုပ်နိုင်သော head နှစ်ခုပါရှိပြီး Platter ဧ။်အပေါ်တွင်တစ်ခု ၊အောက်တွင်တစ်ခု ဖြစ်သည်။ပုံ(၂.၄)Head များသည် spring ကဲ့သို့ဆွဲအားရှိသော actuator arm ပေါ်တွင်တည်ရှိပြီး အတူတကွတညီတည်း ရွေ့လျားနိုင်စေရန်actuator လို့ခေါ်သော mechanism တစ်ခုဆီသို့ချိတ်ဆက် ထားပါတယ်။ ကွန်ပျူတာ ပါဝါပိတ်ထားသည့် အခါမျိုး၊ head disk မှ အလုပ် လုပ်စရာမလိုတဲ့အခါမျိုးမှာ actuator ဆွဲအားဖြင့်head များသည် platter ပေါ်မျက်နှာပြင်တွင် ထိကပ်နေပါလိမ့်မယ်။ Drive မှ full speed ဖြင့်လည်တဲ့အခါမှာ Platter နှင့်လေတို့ပွတ်မှုအားကြောင့် Platter နှင့် head ကြားတွင် လေဖိအားတစ်ခုဖြစ်ပေါ်ပြီး ထိုလေဖိအားကြောင့်ပင် Head များကို platter ပေါ်မှ မတင်သွားပါလိမ့်မယ်။head နှင့်h platter တို့ကြားရှိအကွာအဝေးသည် မည့်သည်နေရာတွင် မဆို ဝ.၅ မှ ၅ာ(မီတာမဟုတ်ပါ) ထိသာရှိပါတယ်။အဲဒီလို platter နှင့် head တို့လွန်စွာမှနီးကပ်သည့် အတွက်ကြောင့် hard disk ကိုသာမန်အခန်းထဲမှာ မဖွင့်ရပါဘူး။လေထုထဲမှာ မျက်စိနှင့်တောင်မမြင်ရတဲ့ အမှုန်များကြောင့် head မှ data များကိုမှန်ကန်စွာ မဖတ်နိုင်ခြင်း၊ platter ကိုပျက်စီးစေခြင်း များဖြစ်လာနိုင်ပါတယ်။Head arm ->head arm များသည် ကြိဂံပုံဏ္ဌန်သတ္တုပြား လေးများပဲ ဖြစ်ပါတယ်။သူ့အပေါ်တွင် read/write head တစ်ခုစီပါရှိပါတယ်။ head arm အားလုံးတို့ကို single unit အဖြစ် actuator သို့ချိတ်ဆက်တပ်ဆင်ထားပါတယ်။သဘောကတော့ actuator ရွေ့တာနဲ့ head အားလုံးအတူတကွ တပြိုင်နက်ရွေ့လျားနိုင်စေရန်ဖြစ်ပါတယ်။ Actuator ->သည် head များကို Platter ပေါ်တွင် ကန့်လန့်ဖြတ်ရွေ့လျားစေရန် လုပ်ဆောင်ပေးသော mechanism တစ်ခုပင် ဖြစ်ပါတယ်။ mechanism သည် head များကို အတွင်းမှအပြင် ၊ အပြင်မှအတွင်းသို့ ကန့်လန့် ဖြတ်ရွေ့လျားပြီး Platter
ပေါ်ရှိလိုအပ်သော data ရှိရာနေရာများပေါ်သို့ တိတိကျကျ နေရာချရွေ့လျားစေပါတယ်။hard disk များတွင် အသုံးအများဆုံး actuator နှစ်မျိုးရှိပါတယ်။ Stepper motor actuator နှင် voice coil actuator တို့ပဲဖြစ်ပါတယ်။ Stepper motor actuator ->stepper motor actuator တွင် head arm များကိုရွေ့လျားစေရန် လျှပ်စစ်မော်တာငယ်ကို အသုံးပြုတည်ဆောက် ထားပါတယ်။ Stepper motor များကိုအသုံးပြုခြင်းဖြင့် access လုပ်ရာတွင် နှေးကွေးခြင်း၊အပူချိန်ကြောင့် ပျက်ဆီးလွယ်ခြင်းအစရှိသည့် အားနည်းချက်များကြောင့် ယနေ့ချိန်မှာ ထုပ်လုပ်မှုမရှိတော့ပါဘူး။Voice coil actuator->voice coil actuator သည် head များကို control လုပ်ရန်အတွက် ခေတ်အမှီဆုံး actuator အမျိုးအစားတခုပင်ဖြစ်ပါတယ်။Voice coil actuator သည် လျှပ်စစ်သံလိုက်ဆွဲအား၊တွန်းအားတို့ဖြင့်head arm များကိုရွေ့လျားစေပါတယ်။head arm ရဲ့အဆုံးမှာ အားလုံးကို တစုတဝေးတည်းဖြစ်အောင် စုစည်းပေးတဲ့သတ္တုပြားတွင် Coil တစ်ခုကို ရစ်ပတ်ထားပါတယ်။coil ကိုသံလိုက်တုံးနှစ်ခုကြားတွင် ထည့်သွင်းတပ်ဆင်ထားပြီး ၊ထိုသံလိုက်တုန်းနှင့်coil ပတ်ထားသော သတ္တုပြားတို့သည် physically အရလုံးဝထိကပ်ခြင်းမရှိပါဘူး။Coil ထဲသို့လျှပ်စစ်ဖြတ်စီးတဲ့အခါ coil ရစ်ပတ်ထားသော သတ္တုပြားနှင့် သံလိုက်တုံးတို့ကြားတွင် တွန်းအား ၊ဆွဲအားဖြစ်ပေါ်ပြီး head arm များကို Platter ပေါ်တွင် ကန့်လန်ဖြတ်ရွေ့လျားစေပါတယ်။ Coil ထဲသို့စီးဝင်သည့် ကိုထိန်းချုပ်ပေးခြင်းဖြင့် head များဧ။်ရွေ့လျားမှုကို အတိအကျဖြစ်အောင် ညွန်ကြားနိုင်ပါတယ်။ပုံ (၂.၅) နဲ့ပုံ(၂.၆)မှာတွေ့ နိုင်ပါတယ်။ ပြောစရာတစ်ခုရှိသေး တယ်ဗျ..မေ့ခဲ့လို.၊သံလိုက်ဓာတ်အား coating လုပ်ထားတဲ့ အဝိုင်းပြား Platterတွေဟာ ၁ခုမှ၈ခုထိရှိတတ် ပါတယ်။ Platter အရေအတွက်နဲ့ သံလိုက်ဓာတ်အား ဘယ်လောက် ပေါင်းစပ်ဖွဲ့စည်းပြီး ဖုံးအုပ် coating လုပ်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး disk ဘယ်လောက်ဆံ့သလဲဆိုတာ ဖြစ်စေပါတယ်။Platter တွေရဲ့အပေါ်မှာတော့ သံလိုက်ဓာတ်အလွှာဟာ တစ်လက်မရဲ့ ၃သန်းပုံ ၁ပုံလောက်ပဲ ထူပါတယ်။ Air Filters ->hard disk အားလုံးတွင် filter နှစ်မျိုးပါလေ့ရှိပါတယ်။ပထမတစ်မျိုးက recirculating filter ဖြစ်ပြီး နောက်တစ်ခုက barometric (or) breather filter လို့ခေါ်ပါတယ်။ထို filter များကို HAD(hard disk assemble) အတွင်းမှာထည့်သွင်း ထားသည့်အတွက်ကြောင့် hard disk သက်တမ်းကြာသလောက် လဲလှယ်စရာမလိုပါဘူး။ ဘာကြောင့် သူ့တို့ကို ထည့်သွင်းတည်ဆောက်ထားသလဲဆိုရင် တစ်ခါတရံ head များကို နေရာချထားသည့်အခါ (parking ထိုးခြင်း)တို့တွင် platter နဲ့ပွတ်တိုက်ပြီး ထွက်လာနိုင်သော အမှုန်များကို filter လုပ်ရန်အတွက် ဖြစ်ပါတယ်။ ကဲ..နောက်ဆုံး တစ်ခုကတော့...Spindle Motor->များရဲ့အဓိကလုပ်ဆောင်မှု ကတော့ platter များကိုလည်စေရန် အတွက် ဖြစ်ပါတယ်။ platter များလည်ပတ်စေရန်အတွက် မော်တာ ကြိုးများ၊ဂီယာများကြားခံအသုံးမပြုပဲ spindle motor တွင်တိုက်ရိုက်တပ်ဆင်ထားပါတယ်။ယခုခေတ် Spindle motor အတွက် တည်ဆောက်မှုကို fluid bearing နည်းပညာကို အသုံးပြုပါတယ်။ အရင်ကဆို ball bearing ကိုအသုံးပြုပါတယ်။ ဒါက သိထားရအောင်
ပြောပြထားတာပါ။Spindle motor ဧ။်လည်ပတ်နှုန်းသည် ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ performance တစ်မိနစ်အတွင်း လည်ပတ်မှု (RPM) ပါပဲ။ အမျိုးအစားတစ်ခုနှင့်တစ်ခု မတူညီတတ်ကြပါဘူး။

နောက်ဆက်တွဲပစ္စည်းများနှင့်ဖြစ်လေ့ဖြစ်ထရှိသော Error များ
IDE / ATA interface->IDE ကိုအိမ်သုံးကွန်ပျူတာအများစုတွင်တွေ့နိုင်ပါတယ် ။Integrated Device Electronic လို့ခေါ်ပါတယ်။သဘောကတော့ မည်သည့် hard disk မဆို controller သည် logic board တွင် build in အဖြစ်ပူးတွဲပါရှိပါက IDE ဖြစ်ကြောင်းကိုရည်ညွှန်းပါတယ်။ IDE ဟုလူအများ ခေါ်နေသော်လည်း technically အရ တကယ့်အမည်ကတော့ATA/IDE ကို 5.25 ပုံစံဖြင့် ၁၉၈၆တွင် Compaq 386 ကွန်ပျုတာများ၌ ပထမဦးဆုံး အသုံးပြုခဲ့ ပါတယ်။ယနေ့အချိန်မှာတော့ hard disk သာမက CD-ROM/CD-RW /DVD drive များအတွက်ပါ အဖြစ်အသုံးပြုလျှက်ရှိ နေပါပြီ။ ATA version အမျိုးမျိုးရှိပါတယ်.. ဒါကို ( ANSI ) မှထိန်းချုပ် သတ်မှတ်ပေးပါတယ်။ ATA-1(1986-1994)--ATA-7(2001) ထိရှိပါတယ်။ ATA/IDE ကြိုးကို မှားမတပ်မိစေရန် pin- ၂ဝ နေရာတွင် အပေါက်မပါပဲ ပိတ်နေသည် ကိုတွေ့နိုင်ပါတယ်။ SCSI Interface--small computer system interface(SCSI) သာမန်အိမ်သုံး ကွန်ပျူတာများတွင် သုံးလေ့မရှိပဲ workstationrsများ၊ server များကဲ့သို့ စွမ်းဆောင်ရည် မြင့်သော ကွန်ပျူတာများတွင်သာ အသုံးများပါတယ်။ အဓိက ကွာခြားချက်မှာ IDE များကဲ့သို disk interface သက်သက်မဟုတ်ပါဘူး။ hard disk များ၊CD drive များ၊ DVD drive များသာမက tape drive များ scanner များprinter များအစရှိသော ပစ္စည်းများကိုပါ တပ်ဆင်အသုံးပြု နိုင်ပါတယ်။SCSI အမျိုးအစားပေါ် မှုတည်ပြီး SCSI bus တစ်ခုမှာ unit 8(or)16 ခုတပ်ဆင် အသုံးပြုနိုင်ပါတယ်။unit တစ်ခုစီမှာ မတူညီသော SCSI ID တစ်ခုစီရှိတတ်ပါတယ်။ ပြောရရင် unit ၈ခုတပ်ဆင်နိုင်တဲ့ Jh SCSI မှာဆိုရင် SCSI ID မှာ ဝ မှ ၇ ထိရှိပြီး unit ၁၆ ခုတပ်ဆင်ထားတဲ့ SCSI မှာဆိုရင်ID ဝ မှ ၁၅ ထိရှိပါတယ်။Host adapter သည် SCSI ID တစ်ခုယူပါတယ်။ ဒါကြောင့် SCSI bus တစ်ခုမှာ device 7(or)15 ထိတပ်ဆင်နိုင်ပါတယ်။ Serial ATA Interface---SATA သည် နောက်ဆုံးပေါ် interface တစ်ခုပဲဖြစ်ပါတယ်။ SATA ကိုဘာကြောင့် အသုံးပြုခဲ့တာလဲဆိုရင် ATA-7(Ultra ATA/133) သိုရောက်ရှိ ချိန်မှာ ATA နည်းပညာအမြင့်ဆုံး ရောက်ရှိသွားပါပြီ။ဒါကြောင့် ATA/IDE ဧ။်အားနည်း ချက်များကို ပြင်ဆင်ပြီး SATA 1.0 ကို၂ဝဝ၁ သြဂုတ်လတွင် စတင်အသုံးပြုခဲ့ပါတယ်။ သိပ်မကြာပါဘူး... version အသစ်တွေထပ်ထုတ်ခဲ့ကြပါတယ်။ Data transfer rate တွေတိုးပြီးတော့ SATA 1-0 က 1.5Gbps ၊SATA II ကတော့ 3.0 Gbps ဖြစ်ပါတယ်။ဒါဆိုရည်ညွှန်းပြီး SATA 3.0 (or) SATA/300 လို့လဲခေါ်ကြ ပါတယ်။ SATA –IO(international organization) က Data transfer rate ကို 6.0 Gbps ထိရအောင်၊SATA port တစ်ခုမှာ drive တစ်ခုထက်မက တက်ဆင်ခွင့်ရအောင်ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်SATA ရဲ့အားသာချက် တွေကို အပေါ်မှာပြောခဲ့ပြီးဖြစ်တဲ့အတွက် ထပ်မပြောတော့ပါဘူး။ ကဲ...ဒီနောက်ဖြစ် တက်တဲ့ ပြဿနာ အနည်းအငယ်ကိုဖော်ပြပါ့မယ်။
Head Crash တွေ ဘာကြောင့်ဖြစ်ရသလဲ--
၁. အသုံးပြုထားတဲ့ electronic အပိုင်းက failure ဖြစ်ခြင်းကြောင့်
၂. ရုတ်တရက်လျှပ်စစ်ဓာတ်အားဘက်ကပြတ်တောက်ခြင်း၊မတည်မငြိမ်ဖြစ်ခြင်း
၃. Physically အရကိုက shock ဖြစ်သွားခြင်း
၎. Lifetim အချိန်ကြာလာသည်နှင့်အမျှ တိုက်စားလာခြင်းကြောင့်ဖြစ်ခြင်း
Types of hard disk failure အကြောင်း
၁. Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့်လုံးဝပျက်ခြင်း
၂. Electronic ပိုင်းက failure ဖြစ်ခြင်း
၃. Mechanical ပိုင်းက failure ဖြစ်ခြင်း
၎. Logic ပိုင်းက failure ဖြစ်ခြင်း စသည်တို့ကြောင့်ဖြစ်တတ်ကြပါတယ်။
1) Firmware ပိုင်းပျက်ခြင်း
Fireware ဆိုတာ ကွန်ပျူတာနဲ့ hard disk ကိုမှန်ကန်စွာ ဆက်သွယ်ဆက်ဆံနိုင်ဖို့ လိုအပ်တဲ့ information တွေသိမ်းထားတဲ့နေရာပင်ဖြစ်ပါတယ်။Fireware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊အကုန်လုံးပဲဖြစ်ဖြစ် ပျက်ခဲ့ရင် ကောင်းစွာ ဆက်သွယ်မှုရရှိတော့မည် မဟုတ်ပေ။ဘာကြောင့် fireware ပျက်ရသလဲဆိုရင် Spindle motor မှာ သုံးထားတဲ့ fluid bearing ကြောင့်ပါ။ သူရဲ့အားနည်းချက်က ဒါပါပဲ။Hard drive ကိုစတင်ဖွင့်လိုက်ခြင်း (power on) ချိန်မှာ motor အစိတ်အပိုင်းတွေကအေးနေတယ်ဗျ၊ Bearing အတွင်းမှာရှိတဲ့ fluid က hard disk ကိုအကောင်းဆုံး performance (စေးကပ်ကပ်) အခြေအနေမျိုးရောက်အောင် အချိန်ယူရပါတယ်။ ဒါကို warm up လုပ်နေတဲ့အချိန်လို့ခေါ်ပါတယ်။ ဒီအချိန်မှာ hard disk ရဲ့ platter တွေဟာဒေါင်လိုက် တုန်ခါမှု Vertical Vibration ဖြစ်နေတယ်။ဒါက Read/Write Errors တွေဖြစ်စေတာပါပဲ ဒီလိုဖြစ်မှု တွေကြောင့် hard disk တွေရဲ့ Jh firmware နဲ့ Service Area တွေပျက်စီးရတာဖြစ်ပါတယ်။
2)Electronic ပိုင်းပျက်ခြင်း
Hard disk ရဲ့ electronic အပိုင်းဆိုတာ အပေါ်မှာ ကျွန်တော်ပြောခဲ့တဲ့ hard disk အောက်က logic board(circuit board) လေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ ရှင်းပါတယ်။Voltage မတည်ငြိမ်ခြင်း၊ တအားဆောင့်တက်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။သူ့ကနည်းနည်းမျှော်လင့်ချက်ရှိတယ်ဗျ။အဲဒီ logic board ကိုဖြုတ်လဲလို့ရပါတယ်။hard disk ထဲက data lost မဖြစ်ဘူးပေါ့ဗျာ..အရေးကြီးတာကလည်း အဲဒါပဲလေ..ပိုက်ဆံကုန်တာထက်data ကုန်သွားတာက ပိုဆိုးတယ်ဗျ ..ဟုတ်ဖူးလား။ဒါပေမဲ့ သတိထားစရာ တွေရှိပါတယ်။ logic board လဲလှယ်မယ်ဆို..ကျွန်တော်တခါတည်း logic board လဲလှယ်မှုကိုနည်းနည်း ပြောပါ့မယ်။ ပထမနည်း--hard disk ရဲ့ part number ကိုစစ်ပါ။ ပျက်သွားတဲ့ hard disk က part number နဲ့အသစ်တပ်မယ်hhard disk က part number မယ်။ အသစ်ဆိုတာ မိတ်ဆွေတို့ စိတ်ကြိုက်လုပ်ပေါ့ surface ပျက်နေပြီ logic board က ကောင်းနေတာဆို ပိုအဆင်ပြေတာပေါ့။ part number ကို P/N:xxxxxx - xxx ဖြစ်ဖော်ပြပါတယ်။ နောက်တစ်ချက်က firmware တူရပါမယ်။ ဒီနှစ်ချက်တူရင်ရပါပြီး Model number ကိုစစ်ဖို့မမေ့ပါနဲ့ရဒုတိယနည်း-logic board မှာ PROM(programmable read only memory) ဆိုတာရှိပါတယ်။အဲဒီ chip ပေါ်မှာ PROM code ရှိပါတယ်။အဲဒီ code က xxxxxx - xxxq ဆိုပြီးဖော်ပြတတ်ပါတယ်။နောက်(၃)လုံးဖြစ်တဲ့ -___ တူရပါမယ်။အဲဒီဂဏန်း ၃ လုံး ဟာ 501, 502, 503 တခုခုဖြစ်နေပါလိမ့်မယ်။ပြီးတော့ အပေါ်မှာပြောခဲ့သလို part number တူရပါမယ်။ Model number ကိုစစ်ဖို့မမေ့ပါနဲ့။ ဒါဆိုအားလုံးအဆင်ပြေပါပြီ။
3)Mechanical ပိုင်းပျက်ခြင်း
Mechanical ပိုင်းပျက်တာက Electronic ပိုင်းပျက်တာထက်ပိုဆိုးတယ်ဗျ။ data ပြန်ရဖို့ သိပ်မလွယ်ဘူး Mechanical ပိုင်းပျက်တာကို ချက်ချင်းသိမှ မသိရင် ကြာလေ ပို data lost ဖြစ်ပါတယ်။ ချက်ချင်းသိရင် Recovery ဆိုင်ကိုပြေး data ပြန်ရနိုင်တယ်။ဖြစ်ရတဲ့အကြောင်းကတော့ Motor ပျက်ခြင်း Read/Write head ပျက်ခြင်း Head Crash ဖြစ်ခြင်း head crash ဖြစ်ရင် Platter ရဲ့မျက်နှာပြင်ကို တောက်လျှောက်ဆွဲသွားတာ၊ နည်းနည်းထိခိုက်သွားတာ ဖြစ်တတ်ပါတယ်။ ဖော်ပြတတ်တဲ့ လက္ခဏာတွေ ကတော့..ကတောက်..ကတောက်ဆိုပြီး အသံတွေ မြည်လာတတ်ပါတယ်။ ဒါဆို ဆက်မသုံး သင့်တော့ ပါဘူး.. ကြာလေ ပိုဆိုးလေဖြစ်ပြီး data lost သွားနိုင်ပါတယ်။
4)Logical ပိုင်းပျက်ခြင်း
Logical ပိုင်းပျက်တယ်ဆိုတာ hard disk ကကောင်းနေပြီ အထဲက data file တွေကို ပြန်ခေါ်လို့မရ တော့တဲ့ပျက်ခြင်းမျိုးဖြစ်ပါတယ်။ ဖြစ်တတ်တာကတော့ ဖိုင်တွေ frag ဖြစ်တာများပြီ ဖွင့်လိုမရတော့တာမျိုး၊ Directory structure error ဖြစ်ပြီး ဖတ်မရတာမျိုး အများကြီးပေါ့ဗျာ။ဒါပေမဲ့ data အရေးမကြီးတဲ့သူက partition ပြန်ပိုင်း format ပြန်ချရင်သုံးလို့ရပါတယ်။ physically ပျက်တာမှ မဟုတ်တာData ပြန်လိုချင် တယ်ဆိုရင်တော့ Data recovery software တွေသုံးပြီ ပြန်လုပ်ယူကြည့်ပါ။
ဘာကြောင့်hBad Sector တွေဖြစ်ရတာလဲ
Hard disk မျက်နှာပြင်တွင် ဖတ်၍မရသော ဧရိယာများကို Bad sector လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်ရ သလဲ ဆိုရင်
၁. Hard disk ကိုယ်တိုင်က အချိန်ကာလကြာမြင့်လာလို့
၂. Hard disk အပူချိန်မြင့်တက်လာလို့
၃. တစ်ချက်ကလေးပဲ Head crash ဖြစ်သွားရုံလေးနဲ့လည်း ဖြစ်တတ်တယ်
၎. Voltage မတည်ငြိမ်မှု ကြောင့်လည်း ဖြစ်တတ်တယ်။ Bad Sector တွေဟာ hard disk မှာကြုံတွေ့ ရလေ့ရှိပါတယ်။
ဒီလို Bad Sector တွေဖြစ်လာရင်ပြတတ်တဲ့လက္ခဏာတွေကတော့--
၁. Hard disk အလုပ်လုပ်တာနှေးလာမယ်။
၂. ဖိုင်တစ်ခုခေါ်ဖို့အရေးwindows တတ်လာဖို့အရေး အရမ်းကြာမြင့်နေမယ်၊ အတင်းမရမကဖတ် နေတာတွေ ဖြစ်လာမယ်။
၃. နောက်ဆုံးမှာ Hard disk လုံးဝ မတတ်တော့တဲ့အထိဖြစ်လာမယ်။
ကဲ..ဒီနောက်ပိုင်းမှာ ဘာကိုဆက်ပြောမလဲ ဆိုတော့....။ hard disk ပိုင်မှာ တခုခုမှားယွင်းနေပြီး ဒါမှမဟုတ် တခုခုချွတ်ယွင်းနေပြီဆိုလျှင် ကွန်ပျူတာ boot လုပ်တဲ့အခါတိုင်း “operating system is missing” OS ကိုမတွေပါဘူး ဆိုတဲ့ error မျိုးကိုပေးလေ့ ရှိပါတယ်။ ဒါမျိုးနဲကြုံလာပြီဆိုရင်.....
1. Floppy drive ထဲက floppy disk ရှိမရှိကိုဦးစွာစစ်ပါ။ အများအားဖြင့် BIOS ထဲမှာ ပထမဦးဆုံး boot လုပ်မဲ့နေရာကို floppy ကိုညွှန်ကြားထားမယ်။bootable disk မဟုတ်ပဲ သာမန်ရိုးရိုး floppy disk ကိုထည့်ထားမိတဲ့အခါမျိုးမှာ "non-system disk (or) disk error" , "ntldr is missing"ဆိုတဲ့ error မျိုးပေးတတ်ပါတယ်။
2. Hard disk အသံကိုနားထောင်ကြည့်ပါ။ Casing ရဲ့မျက်နှာစာရှိ LED ကိုသတိထားကြည့်ပါ ။ hard disk LED မှာမှိတ်တုတ်မှိတ်တုတ်ဖြစ်နေမယ် ၊တစ်..တစ်..တစ်.နှင့်ဆူညံ့သံများ ထွက်နေမယ်ဆိုရင် တော့ hard disk ပျက်တာ ဖြစ်နိုင်ပါတယ်။
3. BIOS မှ hard disk ကို detect ရမရသေချာစစ်ဆေးပါ။
4. Power နှင့် data cable နှစ်ခုစလုံးကို စစ်ဆေးပါ။ ။အနေအထားမှန်မှန်ကန်ကန်နှင့် သေသေချာချာ တပ်ဆင်ထားဖို့လို့ပါတယ်။ data cable မှာချွတ်ယွင်းချက် ရှိမယ်ထင်ရင် အခြား cable တစ်ခုဖြင့် အစားထိုးလဲလှယ်ကြည့်ပါ။ power cable ကိုဖြုတ်ပြီး နောက်ထပ် power cable ဖြင့်လဲလှယ် တပ်ဆင်ပါ။
5. Jumper ချိုးထားမှုမှန်မမှန်စစ်ဆေးပါ။ cable တစ်ခုထဲမှာပင် master နှစ်ခု (or) slave နှစ်ခု မဖြစ်အောင် သတိထားပါ။
6. Hard disk ကိုဖြုတ် ၊အခြားကွန်ပျူတာတွင် တပ်ဆင်ပြီး windows folder များ အကောင်း ပကတိရှိမရှိနှင့် virus ရှိမရှိတို့ကိုစစ်ဆေးပါ။
7. လက်ရှိပြဿနာဖြစ်နေသော hard disk တပ်ထားသော နေရာမှာ အခြား EIDE device(e.g-CD/Hard disk) တစ်ခုကို တပ်ဆင်စမ်းသပ်ကြည့်ပါ။ ၄င်းအစားထိုး စမ်းသပ်သော device သည်ကောင်းစွာ လုပ်ဆောင်နိုင်ပါက motherboard ကြောင့် မဟုတ်ကြောင်း သေချာစေပါလိမ့်မယ်။
8. Channel တစ်ခုတည်းမှာ ပင်အခြား IDE device (CD or DVD) တစ်ခုခုရှိနေပါက ၄င်းကိုဖြုတ်၍ စမ်းသပ်ကြည့်ပါ။ ချိုယွင်းနေသော device တစ်ခုသည် အခြားတစ်ခုကိုပါ ထိခိုက်စေသော ကြောင့်ဖြစ် ပါတယ်။





Hard disk တစ်လုံးဝယ်ယူတော့မယ်ဆိုရင်တော့ ဒီအချက်များကို ထည့်စဉ်းစား စေလိုပါတယ်
1. ယုံကြည်စိတ်ချမှု (Reliability)
2. သိုလောင်မှုပမာဏ(Capacity)
3. ချိတ်ဆတ်နိုင်သည့်စနစ် (Interface Type)
4. ကိုယ်ပိုင်စစ်ဆေးခြင်း(Self monitoring) နဲ့သတင်းအချက်အလက်နည်းပညာ (Reporting technique)
5. စက်ခေါင်းတည်ဆောက်မှုနည်းပညာ (Head technology)
6. သက်တမ်းကာလ (MTBF)
7. လှုပ်ရှားမှုခံနိုင်ရန် အထိန်းများ (Shock Mounting)
8. အမြန်နှုန်း (Speed)
9. တန်းဖိုးငွေပမာဏ (Cost) တို့ကိုထည့်သွင်းစဉ်းစားပါ။
အခုနောက်ပိုင်းအသုံးများတဲ့ hard disk များကတော့--
IBM / Hitachi
Samsung
Seagate
Western digital တို့ပဲဖြစ်ပါတယ်။
နောက်ဆုံးထုတ် hard disk များရဲ့ information များ
Hitachi->TB SATA-II 300 Hitachi မှာ
Rpm - 7200
Memory - 16Mb
Disc -3
Head – 6
Seagate Tb SATA-II 300 Seagate
Rpm - 7200
Memory - 32Mb
Disc – 4
Head – 8
MTBF – 750000
Western digital 1 Tb SATA-II 300 Western
Rpm - 5400-7200
Memory - 16Mb
ကျွန်တော်အနေနဲ့ hard disk ကို format ချတဲ့အပိုင်း၊FAT 16/32 NTFS တို့အပိုင်း၊OS စတင်အလုပ်လုပ်ရင် လုပ်တတ်တဲ့ သဘောတရား။hard disk version များကို နောက်နောင်များမှာ ပြောပြပေးသွားပါမယ်။အခုများတော့ ဒီလောက်ပါပဲခင်ဗျာ။စာဖတ်ပရိတ်သတ်အပေါင်း အသိပညာများ ပိုမိုတိုးတတ်ပြီ ပျော်ရွှင်နိုင်ပါစေ.......။