LAN အသုံးပြု၍ရသော Computer တစ်လုံးအား စတင် အသုံးပြုတော့မည်ဆိုလျှင် Password ပေးထားရန် အကြံပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိဆီမှ Data များကို Default Shares ပေးမထားလျှင် မိမိနဲ့ Network အတူတူထဲမှာရှိသော အခြားတစ်ယောက်မှ ၀င်ရောက်၍ ရသောကြောင့် ဖြစ်ပါသည်။ Password လေး ပေးထားမယ်ဆိုရင်တော့ မိမိ Share ပေးထားသော အရာများကို မိမိရဲ့ ခွင့်ပြုချက် ရမှသာ Open လို့ရမယ်ဆိုတဲ့ သဘောပေါ့ ….. ကဲ ဘယ်လောက်အဆင်ပြေလိုက်လဲ
၁။ Start – Run - lusrmgr.msc ဟု ရိုက်ပါ။
၂။ Local Users and Groups (Local) အောက်ရှိ Users ကို Click ပါ။
၃။ ညာဘက် Box ထဲရှိ Guest ကို Right Click လုပ်ပါ။
၎။ Set Password… ကို Click လုပ်ပါ။ Set Password for Guest Box ပေါ်လာသောအခါ Proceed ကို Click လုပ်ပါ။
၅။ Password for Guest Box ထပ်မံ ပေါ်လာပါမည်။ New password: ဘေးရှိ Box တွင် မိမိ ကြိုက်နှစ်သက်တာကို ရိုက်ပါ။ Confirm password: ဘေးရှိ Box တွင် မိမိ ကြိုက်နှစ်သက်တာကို ရိုက်ပါ။ ရိုက်ထားတာ နှစ်ခု တူညီရပါမည်။ OK ပေးပါ။
၆။ သင့်ရဲ့ Computer ဟာ အခုအချိန်မှာ ဆိုရင်တော့ လုံခြုံမှု့ ရှိသွားမည် ဖြစ်ပါသည်။
Showing posts with label LAN ( Local Area Network ) Password ပေးခြင်း. Show all posts
Showing posts with label LAN ( Local Area Network ) Password ပေးခြင်း. Show all posts
Subscribe to:
Posts (Atom)