Programming အကြောင်းကို မပြောပြခင် ကွန်ပျူတာ အကြောင်းကို အကြမ်းဖျဉ်း အရင်ဆုံးစတင် ပြောပြ သွားပါ့မယ်။
ကွန်ပျူတာဆိုသည်မှာ အဘယ်နည်း။
ကွန်ပျူတာဆိုသည်မှာ အချက်အလက်များကို သတင်း ( သို့မဟုတ် ) အဖြေ အဖြစ်သို့ တွက်ချက် လုပ်ဆောင်ပေးသော စက်ကိရိယာတစ်ခု ဖြစ်ပါသည်။ ကွန်ပျူတာသည် ညွှန်ကြားချက်များကို တိတိကျကျ၊ လျင်လျင်မြန်မြန်နှင့် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးနိုင်သော အီလက်ထရောနစ်နှင့် စက်မှုဆိုင်ရာ စက်ပစ္စည်းဟုလည်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။
ယခုအချိန်တွင် ကွန်ပျူတာသည် လွန်စွာ အဆင့်မြင့်သည့် ဒစ်ဂျစ်တယ် ပစ္စည်းအဖြစ်သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သောကြောင့် ကမ္ဘာ့လူနေမှုအဆင့်အတန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု စနစ်၊ ဆက်သွယ်ရေး စနစ်၊ လုံခြုံရေးစနစ်၊ သိပ္ပံရေးရာ အစရှိသည့် မရေမတွက်နိုင်သော တိုးတက်မှုများကို ခံစားရရှိလာခဲ့ပါသည်။
ဥပမာ- ကွန်ပျူတာဖြင့် ရုံးစာရိုက်ခြင်းမှစ၍ နေအိမ်တံခါးအဖွင့်အပိတ်၊ ရေ၊လျှပ်စစ်မီး အသုံးပြုမှု ထိန်းချုပ်ရေး အစရှိသည်တို့မှစ၍ လေယာဉ်ပျံကို ကွန်ပျူတာဖြင့် ထိန်းချုပ်မောင်းနှင်ခြင်း၊ ဂြိုလ်တုများ လွှတ်တင်ခြင်း၊ ရေငုတ်သဘောင်္မောင်းနှင်ခြင်း၊ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ထားသော စစ်ဘက်ဆိုင်ရာ ပဲ့ထိန်းဒုံးများ၊ ဒုံးခွင်းဒုံးစနစ်၊ အစရှိသည့် အံ့မခန်းသော တိုးတက်မှုများကို ရရှိခဲ့ပါသည်။
Showing posts with label Computer နှင့် Programming. Show all posts
Showing posts with label Computer နှင့် Programming. Show all posts
Subscribe to:
Posts (Atom)