Saturday 5 September 2009 By: yatkhalay

My Computer Dialog Box / Menu Bar ရှိ Tools ထဲတွင် Folder Options ပျောက်နေလျှင် ပြန်ဖော်ခြင်း

ဒီ Problem လေးက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တစ်ခါတစ်လေမှ ဖြစ်တာကို တွေ့ရပါတယ်။ ဖြစ်လာခဲ့လျှင် အကူအညီ ပေးနိုင်အောင်လို့ ရေးသားပေးလိုက်ခြင်း ဖြစ်ပါသည်။
၁။ My Computer – Local Disk(C:) – Manu Bar မှ Tools ကို Click လုပ်ပါ။ Folder Options ပျောက်နေတာကို တွေ့ရမည် ဖြစ်ပါသည်။
၂။ Start – Run – gpedit.msc ဟု ရိုက်ပါ။
၃။ Local Computer Policy – User Configuration – Administrative Templates – Windows Components – Windows Explorer ကို Click ပါ။
၎။ ညာဘက်ရှိ Box ထဲတွင် Removes the Folder Options menu item from the Tools menu ကို Double Click လုပ်ပါ။ Not Configured ကို Check ပေးပြီး Apply ၊ OK ပေးပါ။
၅။ My Computer – Local Disk(C:) – Menu Bar မှ Tools ကို Click လုပ်ပါ။ Folder Options ပြန်ပေါ်နေတာကို တွေ့ရမည် ဖြစ်ပါသည်။