ယခုတလော ကျွန်တော့် သူငယ်ချင်းတွေမှာ အဲဒီ ပြဿနာ တော်တော်လေး ဖြစ်နေတာကို တွေ့ရတယ်။ သူငယ်ချင်းတစ်ယောက်ဆိုလျှင် Windows အကြိမ်ကြိမ် ပြန်တင်တာတောင် မရတာကို တွေ့ခဲ့ရဘူးတယ်။ သူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာ ဒီပြဿနာနဲ့ ကြုံတွေ့ရတဲ့သူ ရှိလာခဲ့လျှင် အလွယ်တကူ ဖြေရှင်းပေးနိုင်စေရန် ရည်ရွယ်၍ ရေးသားခြင်း ဖြစ်ပါသည်။
၁။ Start – Search – All files and folders – All or part of the file name: အောက်ရှိ Box တွင် wscript.exe ဟုရိုက်ပါ။ Look in: အောက်ရှိ Box တွင် Local Hard Drives [(C:;D:)] ရှိသလောက် ပေးပါ။ Search ကို Click ပါ။ ညာဘက်ရှိ Box တွင် wscript နှင့် ပတ်သက်သော files များ ပေါ်လာပါက Delete လုပ်ပါ။
၂။ Start – Run – cmd ဟု ရိုက်ထည့်ပါ။
၃။ Command Promt ထဲတွင် del c:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ del d:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ del e:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။ Local Hard Drives [(C:;D:E)] ရှိသလောက် ရေးရမည်။ USB Drive သည် G ဖြစ်ပါက del g:\autorun.*/f/s/q/a ဟုရေးပြီး enter နှိပ်ပါ။
၎။ Start - Run ကိုသွားပါ။ Run တွင် regedit ဟုရိုက်ထည့်ပါ။
၅။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် Userinit file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\WINDOWS\system32\userinit.exe, ဟု ရေးသားထားတာ မှန် ၊ မမှန် စစ်ဆေးပြီး OK ပေးပါ။
၆။ Restart ပေးပြီး Windows ပြန်တက်သောအခါ ပုံမှန်အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
မှတ်ချက်။ ။Drives & USB အားလုံး လုပ်ဆောင်စရာ မလိုပါ။ Double Click လုပ်၍ မရသော Drives & USB ကိုသာ လုပ်ဆောင်ရမည် ဖြစ်ပါသည်။
Showing posts with label Double Click လုပ်ပြီး USB Drives တွေထဲ ၀င်၍ မရသော ပြဿနာအား ဖြေရှင်းခြင်း. Show all posts
Showing posts with label Double Click လုပ်ပြီး USB Drives တွေထဲ ၀င်၍ မရသော ပြဿနာအား ဖြေရှင်းခြင်း. Show all posts
Subscribe to:
Posts (Atom)