Saturday 5 September 2009 By: yatkhalay

Run ထဲမှ Commands များအား Delete လုပ်ခြင်း

Run Commands တွေကို အသုံးများသော လူများအတွက် Run Box ထဲမှာ Run Commands တွေအများကြီး ရှိနေတာကို တွေ့ရမည် ဖြစ်ပါသည်။ မိမိ Delete လုပ်ချင်သော Command အား Delete လုပ်နိုင်စေရန် ဖော်ပြ ပေးလိုက်ပါတယ်။
၁။ Start – Run – Scroll Bar ကို Click လုပ်လိုက်လျှင် Run Commands တွေအများကြီး ရှိနေတာကို တွေ့ရမည် ဖြစ်ပါသည်။
၂။ Start – Run – regedit ဟု ရိုက်ပါ။ မိမိကိုယ်ကို ယုံကြည်တယ် ဆိုရင်တော့ backup file မလုပ်တော့ပါနဲ့
၃။ HKEY_CURRENT_USER\SOFTWARE\Microsoft\Windows\CurrentVersion\Explorer \RunMRUအား Click လုပ်ပါ။
၎။ ညာဘက်ရှိ Box ထဲတွင် Delete လုပ်ချင်သော File အား Right Click ၊ Delete လုပ်ပါ။ မိမိ Delete လုပ်ချင်သော Command အားလုံးကို Delete လုပ်နိုင်ပါသည်။
၅။ Confirm Value Delete Box ပေါ်လာသောအခါ Yes ပေးပါ။
၆။ Restart ပေးပြီး Windows ပြန်တက်သောအခါ Run Box ထဲတွင် Run Command (e.g:gpedit.msc) ပျက်သွားမည် ဖြစ်ပါသည်။