Friday 4 September 2009 By: yatkhalay

Uninstall လုပ်၍ မရသော Software အား Uninstall လုပ်ခြင်း

တချို့သော Software များမှာ အကြောင်းကြောင်းကြောင့် Uninstall လုပ်တဲ့အခါမှာ တော်တော်လေး အခက်အခဲ ဖြစ်တာကို တွေ့ရပါတယ်။ အဲဒီလို အခက်အခဲလေးနဲ့ ကြုံတဲ့အခါ ကျွန်တော် ဖော်ပြပေးတဲ့ နည်းလမ်းလေးနဲ့ ဖြေရှင်းကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မည်။
၁။ Start – Run – regedit ဟု ရိုက်ထည့်ပါ။ Backup လုပ်ဖို့ မမေ့နဲ့ဦးနော်။
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။