Saturday 5 September 2009 By: yatkhalay

Folder တစ်ခုအား Share ပေးခြင်း

File တစ်ခုအား Share ပေးချင်လျှင် Folder တစ်ခုကို အရင်ဆုံး တည်ဆောက် ရပါမည်။ Folder ထဲတွင်ရှိပါက တည်ဆောက်စရာ မလိုပါ။ Folder တစ်ခု တည်ဆောက်ပြီးလျှင် မိမိ Share ပေးချင်သော File အား Normal Share ( မိမိ Share ပေးထားသော File အား Copy သာ လုပ်နိုင်သည်။ ) ၊ Full Share (မိမိ Share ပေးထားသော File အား Copy ၊ Paste & Cut လုပ်နိုင်သည်။) ပေးနိုင်ပါသည်။
၁။ မိမိ Share ပေးချင်သော Folder ( e.g: MM COMPUTER BOOK ) အား Right Click လုပ်ပါ။
၂။ Sharing and Security ကို Click လုပ်ပါ။ MM COMPUTER BOOK Properties Box ပေါ်လာပါမည်။ Network sharing and security အောက်ရှိ Share this folder on the network ဘေးရှိ Box အား Check ပေးလျှင် Normal Share ဖြစ်ပါသည်။
၃။ Network sharing and security အောက်ရှိ Share this folder on the network ဘေးရှိ Box အား Check ပေးလျှင် ၊ Allow network users to change my files Normal ဘေးရှိ Box အား Check ပေးလျှင် Full Share ဖြစ်ပါသည်။
၎။ သင် ကြိုက်နှစ်သက်သော Share အမျိုးအစား ပေးပြီးလျှင် Apply – OK ပေးပါ။ Sharing Box ပေါ်လာသောအခါ Yes ပေးပါ။