Friday 4 September 2009 By: yatkhalay

Start တွင် မိမိ ကြိုက်နှစ်သက်သော နံမည်ပေးခြင်း

ကျွန်တော်တို့ ငယ်ငယ်က Computer သင်ပေးသော ဆရာ ၊ ဆရာမ Computer တစ်လုံးအား စတင် အသုံးပြုတော့မည်ဆိုလျှင် Start ကနေ သွားပါဟု သင်ကြား ပြသပေးခဲ့ကြသည်။ ကျွန်တော်တို့ ခေတ်မှာတော့ Start ကနေ သွားပါ အစား မိမိ ပေးထားသော နံမည်မှ သွားပါဟု ပြောဆိုနိုင်စေရန် ကျွန်တော်နှင့်အတူ လိုက်လုပ်ကြည့်ရအောင် …..
၁။ Windows တင်ထားသော Drive C:\WINDOWS ထဲတွင်ရှိသော explorer file အား Copy လုပ်ပြီး C:\WINDOWS ထဲတွင် Paste လုပ်၍ explorer1 ဟု နံမည်ပေးပါ။
၂။ Windows တင်ထားသော Drive အား Double click လုပ်ပါ။ C:\ ထဲတွင် explorer backup file တစ်ခု တည်ဆောက်ပြီး Copy လုပ်ထားသော explorer file အား Paste လုပ်ပါ။
၃။ Start - Run ကိုသွားပါ။ Run တွင် regedit ဟုရိုက်ထည့်ပါ။
၎။ Registry ထဲ ၀င်သည့်အခါ အမှား တစ်ခုခု လုပ်မိလျှင် ပြဿနာ ဖြစ်ပေါ်နိုင်သောကြောင့် မိမိ နောက်ဆုံး လုပ်ဆောင်မည့်အပိုင်း မတိုင်ခင်တွင် backup file လုပ်ဆောင်ရန်မှာ အရေးကြီးသော အချက် တစ်ချက် ဖြစ်ပါသည်။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Right Click – export မိမိ နှစ်သက်သော နံမည်ပေးပြီး Window မတင်ထားသော Drive တွင် Save လုပ်ပါ။ ပြဿနာ ဖြစ်လာလျှင် မိမိ Save ထားသော backup file ကို Open လိုက်လျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်ပါသည်။
၅။ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် Shell file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် explorer1.exe ဟုရိုက်ပြီး OK ပေးပါ။
၆။ Resource Hacker Software အား Run ပါ။
၇။ ResHacker - File – Open – explorer1 – Open ပေးပါ။
၈။ String table – 37 – 1033 Click ပါ။ ညာဘက်ရှိ Box ထဲတွင် “start” နေရာတွင် မိမိ ကြိုက်နှစ်သက်သော နံမည် ( e.g:“candle528” ) ပေးပါ။ Compile Script ကို Click လုပ်ပါ။ File – Save လုပ်ပြီးလျှင် Restart ပေးပါ။
၉။ Windows ပြန်တက်လာသောအခါ Start နေရာတွင် ကျွန်တော်တို့ Change ထားသော နံမည် candle528 ဟု ပြောင်းသွားမည် ဖြစ်ပါသည်။

မှတ်ချက်။ ။Windows XP တွင်သာ အသုံးပြုနိုင်ပါသည်။ Operating System တွင်ရှိသော မည်သည့် Language မဆို Change နိုင်သည်။ မြန်မာလိုလေး Change လို့ရရင် ကျွန်တော်ကို လက်တို့ လိုက်ပါဦးနော် ….. 